Monday, December 14, 2009

နိုင်ငံခြားရောက် မြန်မာတစ်ယောက်ရဲ့အတွေ့အကြုံ

နိုင်ငံခြားဆိုတာကို လူတိုင်းလိုလို အထင်ကြီးကြတယ်ဆိုတာ ဟုတ်လည်းဟုတ်ပါတယ်။ကောင်းစားသွား
တဲ့သူတွေရှိသလို ဘ၀ပြတ်သွားတဲ့သူတွေလည်း အများကြီးပါ။အဆိုးဆုံးကတော့ မြန်မာအချင်းချင်း ဖျံကြတာ
နိုင်ငံခြားမှာနေလာတာ ၁၀နှစ်ဝန်းကျင်ရှိနေပြီဖြစ်နေတဲ့ ဒို့ရွှေမြန်မာတွေအများကြီးပါ မြန်မာအချင်းချင်း
ကူညီရိုင်းပင်းမယ်မရှိဘူး ဘယ်လိုကောင်းပုံဖြတ်မလည်းဆိုတာ ကိုပဲစဉ်းစားနေကြတာလားတော့မသိဘူး
ကျနော်ဆို ဘယ်သူ့ကိုမှ မယုံဘူးဗျ ဘယ်လိုလူကြီးဖြစ်နေပါစေ အမျိုးသားစိတ်မရှိတဲ့ချမ်းသာပြီးနိုင်ငံခြားမှာ အ
စဉ်ပြေနေတဲ့ သူတွေအများကြီးပါ သူတို့အကြံတွေကအရမ်းဆိုးတယ်နော် ခုကျနော်ရောက်နေတဲ့နိုင်ငံဟာ (ကာတာနိုင်ငံ ဒိုဟာမြို့)နာမည်အသိအကျဖော်ပြချင်းမပြုတာ စိတ်မကောင်းပါဘူး...သူတို့တွေဟာ မြန်မာနိုင်ငံကို ငွေလွဲပေးနေတဲ့သူတွေဆိုတော့ လူတောတောများများသိကြပါတယ် နိုင်ငံခြားသားတွေနဲ့ပေါင်းပြီး မြန်မာတွေကို အလုပ်ရှာပေးတယ် ပြောတစ်မျိုးရတစ်မျိုးပေါ့....လာခဲ့မင်းအတွက်လုပ်ရော် လစာပါကောင်းတယ်ဆိုပြီးတွေးဆောင်ဖြားယောင်ကြတာပေါ့ မြန်မာဆိုတော့သိတဲ့
အတိုင်းပဲနိုင်ငံခြားဆိုသိပ်ပြီးအထင်ကြီးကျတော့ လာကြတာပေါ့...ခုအရေးကြီးတာ တစ်ခုပြောမယ် သူတို့ဘာတွေကြံနေလည်းတော့မသိဘူး( မြန်မာမိန်းကလေးတွေ ကြီးခေါ်နေတယ် အကြံတော့ရှိတယ်နော်)အားလုံးသတိထားပြီး လက်ဆင့်ကမ်းပြီးပြောပေးကြပါ ဒီနိုင်ငံကို လာမယ်လို့လုပ်နေကြသူများကို သေသေခြာခြာစုံစမ်းခြင်းမရှိပဲမလာကြပါနဲ့လို့ပေါ့။မြန်မာလူမျိုးတွေလုံခြုံမူ့မရှိဘူးနော် အထူးသဖြင့်မြန်မာမိန်း
ကလေးတွေပေါ့ သူတို့ကိုသူတို့ မထိန်းနိုင်လို့ကတော့ သွားပြီ ... ကျနော်တို့ပြောရင်ငါ့ဟာနဲ့ငါလုပ်တာဘာဖြစ်လည်းဆိုတာ ကိုကျနော်တို့လိုသတိပေးတဲ့သူအနေနဲ့ရင်ထဲမှာ
ဘယ်လောက်ခံစားသွားရမလည်းဆိုတာ နာလည်မယ်ထင်တယ်....ခုဆိုကျနော် ရောက်နေတာ တစ်နှစ်နဲ့ခြောက်လရှိပါပြီ မကြာတော့မယ့်အချိန်မှာ ကိုယ့်ရွှေနိုင်ငံကိုပြန်ရတော့မယ် ဆက်နေမယ်ဆိုရင်လည်း
ရပါတယ် ဒါပေမဲ့ ကြောင်းအမျိုးမျိုးကြောင့်ပေါ့ဗျာ...ခုဒီနိုင်ငံမှာ မြန်မာလူမျိုးသိပ်တော့မရှိသေးဘူး သိရသလောက်တော့ ၁၅၀၀ နီးပါးလောက်တော့ရှိနေပြီ ပြောရရင် အစဉ်ပြေတဲ့သူတွေ နည်းပါတယ် ပညာတက်တွေဒီကို ရောက်လာတယ် စည်ပင်သာယာတဲ့ဗျာ တက်တာက ကွန်ပျူတာ ဆရာ လုပ်တာက စည်ပင်သာယာ တော်တော်လေးတော့နီးစပ်ပါတယ် နော် (အေးဂျင့်ရဲ့ရောင်စားချင်းခံလိုက်ရတာပါ) သူတစ်
ယောက်ဘယ်လောက်ထိခံစားသွာရမလည်း စာနာပါတယ် ကူညီချင်ပေမဲ့ တက်နိုင်သလောက်တော့လုပ်ပေးရ
တာပေါ့ ( မလေးရှား နိုင်ငံရောက်မြန်မာတွေလောက်တော့မဆိုးဘူးပေါ့ )ဖြစ်နိုင်မယ်ဆိုရင် အေးဂျင့်တွေကို မယုံပါနဲ့ အဆက်သွယ်ရှိရင်မေးမြန်းကြပါ...အားလုံးအစဉ်ပြေပါစေ.....

လေလွင့်လူ(laylwintlu22@gmail.com)

Sunday, December 13, 2009

ဆန်ဒ

ဘာလိုလိုနဲ့အသက်ကတစ်နှစ်ကြီးသွားပြန်ပြီကော် ခုဆိုအမေနဲ့အဖေ လည်းအသက်တွေပိုလို့ကြီးလာပြန်ပြီ ခွဲခွာနေရတဲ့ အချိန်တွေမှာ အရမ်းကို သတိရနေကြမှာပေါ့...ဘ၀တစ်ခုရဲ့ ခြေလှမ်းတွေကို အကောင်းဆုံးလျှောက်လှမ်းနေချိန်ပါ ကျနော့် အတွေးအခေါ်တွေးအခေါ်တွေ ရင်ကျက်ချင်တယ် ကလေးတစ်ယောက်အတွေးတွေ စွန့်လွတ်ချင်တယ် သူများပြောတော့ လူကြီးဖြစ်နေပြီတဲ့ ဒါပေမဲ့ ကိုယ့်ဟာကိုပြန်တွေးလိုက် ကလေးတစ်ယောက်လိုပါပဲလို့ခံစားနေရတယ် လူကြီးတစ်ယောက်ရဲ့အတွေးဆိုတာဘာလည်းဟင်....ကိုယ့်ကို ကိုမထိန်းချုပ်နိုင်သေးတာကိုပြောတာလား ဒါမှမဟုတ် စဉ်းစားဆုံးဖြတ်ချက်တွေ မချနိုင်သေးတာကိုပြောတာလား.....လူကြီးနဲ့ကလေး ဆိုတာဘာကွာလည်း ပြောပြကြပါ အားလုံးကိုမှန်မှန်ကန်ကန် ဆုံးဖြတ်ချက်ချလိုက်ချင်တယ် နော်တဆိုတဲ့ စကားကိုမလိုချင်ဘူး အနိုင်အရှုံးဆိုတာ တွန်တွဲနေတယ်မလား.....နှလုံးသားရေးရာမှာလည်း မှန်ကန်ချင်တယ်
တစ်ဘ၀လုံးအတွက်မို့ပါ.....