Thursday, November 18, 2010

သက်သေ

သက်သေ

ငါ့ဘ၀မှာ
မင်းကိုသာယာအောင်မထားနိုင်ပေမဲ့
င့ါနှလုံးသားနဲ့
မင်းအစမ်းသပ်ခံနိုင်ပါတယ် ချစ်သူ
နှလုံးသား စီးချင်းထိုးမယ်ဆိုရင်လည်း
ကိုနောက်ဆုတ်မယ်မင်းထင်နေရင်မှာသွားမယ်
ချစ်သူ
မင်းအတွက်ဆို ငါ့ဘ၀စုတ်ပျက်သက်သွားပါစေ
သံမဏိ နှလုံးသားက တုန်လုပ်မှာမဟုတ်ဘူးဆိုတာ
မနက်မိုးလင်းတဲ့အချိန်မှာ
ငှက်လေးတွေ ရဲ့ သီချင်းသံ
ညဘက် အိပ်တန်းပျံနေတဲ့
ငှက်လေးတွေက သက်သေအဖြစ်
ကိုယ့်ဘက်ကရှိနေလိမ့်မယ် ဆိုတာ
ကိုယ်ရဲရဲကြီးယုံကြည့်နေတယ်
ချစ်သူ

တန်ဖိုး

တန်ဖိုး

ငါပြုစုလာတဲ့ပန်းတစ်ပွင့်
မင်းနားလေးပေါ်မှာအမှတ်တရအနေနဲ့
ငါပန်ပေးခဲ့ဖူးတဲ့
အမှတ်တရနေ့လေးကို
ငါပြုစုတဲ့ပန်းနောက်ထက်ဘယ်လောက်ပွင့်ပါစေ
ဘယ်လောက်လှနေပါစေ
မင်းကိုပန်ပေးတဲ့
ပန်းလောက်တန်ဖိုးမရှိတော့ပါဘူး
ချစ်သူရာ

သံယောဇဉ်

အဝေးတစ်နေရာ
ပင်လယ်ပေါင်းဘယ်လောက်ခြားခြား
နိုင်ငံပေါင်းဘယ်လောက်ခြားခြား
သွယ်တာရစ်နှောင်နိုင်စွမ်းရှိတဲ့
သံယောဇဉ်
ဆိုတဲ့ စကားလေးသုံးခွန်းကို
မင်းသတိရနေပါလား
ချစ်သူ