Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Thursday, November 18, 2010

သက်သေ

သက်သေ

ငါ့ဘ၀မှာ
မင်းကိုသာယာအောင်မထားနိုင်ပေမဲ့
င့ါနှလုံးသားနဲ့
မင်းအစမ်းသပ်ခံနိုင်ပါတယ် ချစ်သူ
နှလုံးသား စီးချင်းထိုးမယ်ဆိုရင်လည်း
ကိုနောက်ဆုတ်မယ်မင်းထင်နေရင်မှာသွားမယ်
ချစ်သူ
မင်းအတွက်ဆို ငါ့ဘ၀စုတ်ပျက်သက်သွားပါစေ
သံမဏိ နှလုံးသားက တုန်လုပ်မှာမဟုတ်ဘူးဆိုတာ
မနက်မိုးလင်းတဲ့အချိန်မှာ
ငှက်လေးတွေ ရဲ့ သီချင်းသံ
ညဘက် အိပ်တန်းပျံနေတဲ့
ငှက်လေးတွေက သက်သေအဖြစ်
ကိုယ့်ဘက်ကရှိနေလိမ့်မယ် ဆိုတာ
ကိုယ်ရဲရဲကြီးယုံကြည့်နေတယ်
ချစ်သူ

Saturday, November 14, 2009

တောင်းပန်စာ

အားလုံးကိုတောင်းပန်
အမျှော်လင့်သောခံစားမူ
ထိုကဗျာကိုရေးသူ
မေးတစ်ခု၏ပို့ရောက်မူ့ကြောင့်
နာမည်မပါ
လူမသိ
အသိပေးချင်သောစိတ်ဖြင့်
ကျနော်ဘလော့ပေါ်ရောက်လို့
မိုးမခ ၏ခေါင်းကြီးပိုင်းမှာ
တောင်းပန်ကြောင်းထည့်မည်ဟု
မျှော်လင့်မိကြောင်း
တောင်းပန်စာနှင့်အတူ
မသဓ်ဒါ ကိုတောင်းပန်ပါ၏

လေလွင့်လူ

Thursday, November 5, 2009

လေလွင့်လူ

ဝိုးတစ်ဝါးနဲ့ ညအပြန်လမ်း
ဓါတ်မီးတိုင် အောက်ကဘလက်ဖောင်း
ဂျိုင့်ခွတ်တွေကြားလျှောက်နေမိ
လူမသိသူမသိ
ပုလင်းခါးကြားထိုး
ပုဆိုစလွယ်တိုင်း
ရေရွတ်နေတဲ့
မပီကလယ်ပီကလယ်
မှတ်မိနေတဲ့ ကျားဗိုလ် (ခွေးအမည်)
အမှီးသမျှော်မျှော်
မမြှီးတနန့်နန့်
သြော် အသင်လောကကြီးကိုမေ့နေပြီလော

လေလွင့်လူ

Sunday, October 18, 2009

ပင်ယံမြင့်ထက်ကခြွေယံသူလေး

အားလုံးကို မင်္ဂလာပါ လို့ကျနော် လားရှိုးရှမ်းလေး ကနုတ်ခွန်းဆက်ပါတယ်။ဒီဝက်ဆိုက်စ်ကို ပထမဆုံးရောက်ရှိလာတာပါ ကြိုက်လည်းကြိုက်ပါတယ် ကြိုပြောမယ်နော် ချစ်သူမရှိဘူးဆိုတာဟား၂...... ကြော်ငြာတာနော် အချစ်ဆိုတာကိုတော့သိပ်နားမလည်ဘူးဗျ မချစ်ဖူးတဲ့အချစ်ရူးလေး ပေါ့ဗျ........ကဗျာတော့ရေးတယ် ခံစားချက်မပြည့်နဲ့နော် ကဲအောက်ကကဗျာမဆန် စာမဆန်တာလေးကို ဖက်ကြည့်ရအောင်###


ရေခြားမြေခြား ဟို့အဝေးက
ချစ်သူလို့လည်းမဆိုနိုင်
အမှတ်သမယ့်တော့ရှိသား
တိုက်ဆိုက်မူတွေကြောင့်မင်းကိုလွမ်းနေမိပြီ
ရက်တွေလစား လကိုနှစ်စားလို့
ကုန်လွန်ခဲ့တဲ့အချိန်ကိုပြန်လည်လို့တမ်းသမိ
အချစ်တွေရှိပေမဲ့ အကြင်နာတွေမပေးရတဲ့ဘဝ
လွမ်းဆွတ်မူတွေပဲ ပြည့်ညက်နေတယ်
အဝေးကချစ်သူ
မင်းမသိနိုင်တဲ့ ပေးဆပ်မူတွေ
ငါ့ရင်ခွင်တစ်ခုလုံးပွင့်ထွက်လို့ပေါ့
နတ်သမီးအလား
ထင်ရောင်မှားစေတဲ့
မင်းရဲ့လှပမူတွေကြားမှာငါနှစ်မျော
အခြွေယံတွေကြားမှာ မင်းစံမြန်းနေလို့
်ငါ့ဘ၀က မင်းအတွက်ခြွေယံသူလေးတောင်မဖြစ်နိုင်ဘူးလားချစ်သူ
အတိတ်မှာဝေးနေရပေမဲ့
အနာဂါတ်မှာပြန်ဆုံချင်ပြီ
ချစ်သူရယ်####