Thursday, October 22, 2009

ဆန့်ကျင်ဘက်

၈နှစ်တိုင်ရှိခဲ့ပြီပေါ့ မွေးရက်မြေကိုစွန့်ခွာလာခဲ့တာ နောက်ကြောင်းတွေကိုပြန်တွေးရင်း သာယာလှပတဲ့ ရှမ်းပြည်နယ်ကတောင်တန်းကြီးတွေ အဖေကိုတိုင်ဆောက်လုပ်ခဲ့တဲ့ သဲအိမ်လေးရယ် အမေစိုက်ပျိုးထားတဲ့ စံပယ်ပန်း၊ ကစ်မီဂွစ်၊ခေါင်းလောင်းပန်၊အကိုင်းကသေးသေး အသီးကကြီးကြီး မာလာကာသီး၊မီးလောင်ပြီးပြန်လည်ရှင်တန်လာတဲ့ ဆီးဖြူသီး၊ခရမ်းချဉ်သီးနဲ့တူတဲ့ ဒယ်သီး၊သင်္ဘောသီး
ပြီးတော့ကျနော်ကိုယ်တိုင်စိုက်ပျိုးထားတဲ့ နှင်းဆီခြံလေးကိုလည်းအရမ်းလွမ်းတယ်။နည်းနည်းနော်နော်မဟုတ်ဘူး အပင်ပေါင်း၂၀၀ ကျော်တယ်ဗျာ...
ရက်စွဲအတိကျဆို ရင်တော့၂၃.၃.၂၀၀၁ မှာကျနော်မွေးရက်မြေရှမ်းပြည်နယ်လားရှိုးမြို့ကနေစထွက်လာတာပေါ့ ခုဆိုရင်၉နှစ်ထဲကိုရောက်လာပြီလေ
ဘယ်သူများကိုယ့်ဇာဓိကို မလွမ်းတဲ့သူရှိနိုင်မှာလည်း တစ်ခါမှဇာဓိမြေကိုမပြန်ခဲ့ပါဘူး အကြောင်းတော့ရှိတာပေါ့
ရင်ထဲမှာပြည့်ညက်နေတာတွေကိုလက်တွေ့ဖြစ်အောင်ကြိုးစားနေချိန်လေးရှိပါသေးတယ်....လုံးဝကိုထင်မထားတာတွေဖြစ်ခဲ့တယ် တစ်ကယ်ပြောတာလုံးဝကိုထင်မထားဘူး စိမ်းလန်းဆိုပြေ နေတဲ့ပန်းပင်တွေ
ဆောင်းနှင်းတွေ ပြီးတော့လှပတဲ့တောင်တန်းကြီးတွေ အားလုံးကိုပြောင်းပြန်ဖြစ်ကုန်ပြီ ဇာဓိမြေနဲ့ဆန့်ကျင်ဘက်
ဖြစ်တဲ့ တောင်းတန်းကြီးတွေ ပန်းပင်လှလှလေးတွေ သစ်သီးတွေလုံးဝကိုမတွေ့ရတဲ့ ကန်တာရ ထဲရောက်နေပြီ
လုံးဝကိုရောက်နေတာ နိုင်ငံကတော့ ကာတာနိုင်ငံ မြို့ကတော့ ဒိုဟာမြို့ဘယ်သူများအဲလိုဆန့်ကျင်ဘက်ကြီး
ဖြစ်မယ်လို့ထင်မိလည်းတွေးတောင်တွေးမိမှာမဟုတ်ဘူး။အားလုံးဟာဆန့်ကျင်ဘက်ပါပဲ..........

1 comment:

  1. လွမ်းရတယ် ရှမ်းတောင်တန်းကြီးရယ်

    ReplyDelete